တောင်ကိုရီးယား၌ ဆရာဝန်များဆန္ဒပြမှုကြောင့် ဆေးရုံများသို့ စစ်ဆေးဆရာဝန်များပို့မည်

0
148

ဆိုးလ်၊ဖေဖော်ဝါရီ ၂၈

တောင်ကိုရီးယား၌ အလုပ်သင်ဆရာဝန်အများအပြား ဆန္ဒပြခဲ့ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အရေးပေါ်အစီအမံအနေဖြင့် တပ်မတော်‌ဆေးတပ်နှင့် ရပ်ကျေးဆရာဝန်များအား ဆေးရုံများသို့ ပေးပို့တာဝန်ထမ်းစေမည်ဟု ဝန်ကြီးချုပ် Han Duck-soo က ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။

ယင်းနောက် မစ္စတာဟန်သည် အစိုးရကသတ်မှတ်ထားသည့် ကြာသပတေးနေ့ကိုနောက်ဆုံးထား၍ လုပ်ငန်းခွင်ပြန်ဝင်ရန် လူငယ်ဆရာဝန်များအား ပန်ကြားခဲ့ပြီး အာဏာပိုင်များအနေဖြင့်လည်း ၎င်းတို့၏ တောင်းဆိုမှုများကိုနားထောင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ အလုပ်သင်ဆရာဝန်များ၏ သုံးပုံနှစ်ပုံသည် ဆရာဝန်မလုံလောက်မှုအား ဖြေရှင်းရန်အတွက် ဆေးကျောင်းတက်သည့် ကျောင်းသားဦးရေ တိုးပေးမည့် အစိုးရ၏အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ဆန့်ကျင်ဆန္ဒပြနေကြခြင်းလည်းဖြစ်သည်။

ဆရာဝန်အရေအတွက် တိုးမြှင့်ရန်မကြိုးစားမီ အစိုးရအနေဖြင့် လစာနှင့်လုပ်ငန်းခွင်အခြေအနေများကို အရင်ဆုံးဖြေရှင်းသင့်ကြောင်း ဆန္ဒပြဆရာဝန်လူငယ်များကဆိုခဲ့ပြီး အစိုးရကလည်း ၎င်းတို့သည်လုပ်ငန်းခွင်ပြန်ဝင်ရန်အမိန့်အား မလိုက်နာသော ဆရာဝန်များ၏ လိုင်စင်များကို ဆိုင်းငံ့ထားနိုင်ကြောင်းသတိပေးခဲ့သည်။

Source : ရိုက်တာ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here