ဇီဝမျိုးစုံမျိုးကွဲများ တိမ်ကောမှု မရှိရန်၊ကျွန်းများ၏‌ ဂေဟစနစ်မပျက်ရန်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီပြောကြား

0
106

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဂေဟစနစ်နှင့် အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများ တိမ်ကောပျောက်ကွယ်မှု မရှိအောင်၊ နေရင်းဒေသများ ပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းသွားရန်နှင့် ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာ ကျွန်းများ၏‌ ဂေဟစနစ်မပျက်အောင် ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြင်းခွာကျွန်းသို့ ရောက်ရှိစဉ်
ပြောကြားခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်အလိုက်သဘာဝနှင့် အိမ်မွေးငှက်သိုက်ထွက်ရှိမှုနှင့် ငှက်သိုက်ကျွန်းများ ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် သာယာလှပသောကျွန်းပေါင်းများစွာ တည်ရှိနေသည့်အတွက် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းအတွက် များစွာအရေးပါသော နေရာတစ်ခုဖြစ်ပြီး ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံများပါ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးကတိုက်တွန်းသည်။

ကိုဗစ်ကပ်ရောဂါကာလမှစတင်ပြီး သုံးနှစ်အကြာ ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်မှစတင်ပြီး လုပ်ငန်းများပြန်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here