အကြိမ် (၆၀) မြောက် အောင်ဘာလေ သိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ် (၅) ဘီလီယံနီးပါးရရှိထား

0
140

မတ်လ (၁) ရက်တွင် ဖွင့်လှစ်မည့် အကြိမ် (၆၀) မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေမှာ ကျပ် (၅) ဘီလီယံနီးပါးရရှိထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ဇ”အက္ခရာအထိ စုစုပေါင်း အက္ခရာ ၈ လုံး ထီစာအုပ်အရေအတွက် ၄၉၀၉၁၂ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

ယင်းထီစာအုပ်ရောင်းရငွေမှ ကျပ် ၄၉၀၉ ဒသမ ၁၂၀ သန်း (၄ ဒသမ ၉ ဘီလျံကျော်) ဖြစ်ပြီး ယင်းမှ ခွဲဝေပေးမည့် ၇၀ ရာခိုင်နှုန်းမှာ ကျပ်သန်း ၃၄၃၆ ဒသမ ၃၈၄ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြိမ် (၆၀) မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် (၁)ဆု၊ ကျပ်သိန်းနှစ်ထောင် (၁)ဆု၊ ကျပ်သိန်းတစ်ထောင် (၁)ဆု၊ ကျပ်သိန်းငါးရာ (၂)ဆု၊ ကျပ်သိန်းနှစ်ရာ (၂)ဆု၊ ကျပ်သိန်းတစ်ရာ (၅)ဆု၊ ကျပ်သိန်းငါးဆယ် (၈)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၂) ဆု၊ ကျပ်ဆယ်သိန်း (၁၃) ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျ ပ်သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၃၀၀) ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း (၄)ဆု၊ ကျပ်သုံးသိန်း (၂၀) ဆု၊ ကျပ်နှစ်သိန်း (၂၀၀) ဆု၊ ကျပ်တစ်သိန်း (၂,၀၀၀) ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here