မလေးရှားသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာများ နေရပ်ပြန်နိုင်ရေး CI ထုတ်ပေးမည်ဟု မြန်မာသံရုံးအသိပေး

0
145

မလေးရှားနိုင်ငံသို့ တရားမဝင်ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကို ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ရှိသည့် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

မလေးရှားအစိုးရမှ ဖြေလျှော့ပေးနေသည့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် စီစဉ်ပေးရခြင်းဖြစ်ပြီးမြန်မာနိုင်ငံသား စိစစ်မှုမှန်ကန်ပါက CI ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားအစိုးရမှ နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြသည့် နိုင်ငံခြားသားများအား ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အတွင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးများတွင် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် CI ၊ အပြန်လေယာဉ်လက်မှတ်တို့နှင့် သတ်မှတ်ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်ကာ (၁၄)ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ whatsapp no. +60 11 2510 5774 ကို စာဖြင့် ဆောင်ရွက်နိုင်ကြောင်း မြန်မာသံရုံးက အသိပေးကြေညာထားသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here