မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်းဖွဲ့စည်းရေးအတွက် ဂျပန်နိုင်ငံသား လူငယ်နည်းစနစ်ဒါရိုက်တာက ပဏာမ ကစားသမား (၄၀)ဦး ရွေးချယ်ထား

0
123

လူငယ်ဖွံဖြိုးရေး နည်းစနစ် ဒါရိုက်တာနေရာနှင့် မြန်မာ ယူ ၁၆ နည်းပြချုပ် အဖြစ်တာဝန်ယူနေသော ဂျပန်နိုင်ငံသား မီတသည် မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းဖွဲ့စည်းရေးအတွက် ပဏာမ ကစားသမား (၄၀)ဦး ရွေးချယ်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသား လူငယ်နည်းစနစ်ဒါရိုက်တာ မီတ (မြန်မာ ယူ ၁၆ အသင်းနည်းပြချုပ်) နှင့် နည်းပြအဖွဲ့သည် အထက်မြန်မာပြည်၊အောက်မြန်မာပြည်ဒေသအသီးသီးမှ ယူ၁၅ ကစားသမားများနှင့် အကယ်ဒမီ အသီးသီးမှ ကစားသမားများကို စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင် ၂၀၂၄ ဖေဖော်ဝါရီ ပထမအပတ်အတွင်း ကစားသမားများကို ခြေစမ်းပွဲများ ကစားစေခဲ့ပြီး စတင်ရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာ ကစားသမား (၄၀)ဦး ပဏာမ ရွေးချယ်ထားပြီး အပြီးသတ် ရွေးချယ်မှု ပြုလုပ်ပြီးပါက မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်းဖွဲ့စည်းမည်ဖြစ်‌ကြောင်း သိရသည်။

လူငယ်ကစားသမားများ ကျောင်းစာမေးပွဲများ ပြီးဆုံးပါက လာမည့် မတ်လ (၄)ရက်နှင့် (၅)ရက်တို့တွင်လည်း ခြေစမ်းပွဲများ ဆက်လက် ကစားစေမည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်သည် လူငယ်ဖွံဖြိုးရေး နည်းစနစ် ဒါရိုက်တာနေရာနှင့် မြန်မာ ယူ၁၆ နည်းပြချုပ် အဖြစ် ဂျပန်နည်းပြ မီတ ကို (၂) နှစ်စာချုပ်ဖြင့် ခန့်အပ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here