ဥပုသ်လအတွင်း AI – Aqsa ဗလီ၌ ဝတ်ပြုခွင့်ပေးရန် အစ္စရေးအား ကန်တိုက်တွန်း

0
176

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၉

လက်ယာယိမ်း အစ္စရေးဝန်ကြီးက ရာမာဒန် ဥပုသ်လအတွင်း သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေဒေသမှပါလက်စတိုင်းပြည်သူများအား ဂျေရုဆလင်ရှိ Al – Aqsa ဗလီဝင်းအတွင်း၌ ဝတ်ပြုခွင့်မပြုရန်အဆိုပြုခဲ့သဖြင့် ယင်းသို့မကန့်သတ်ဘဲ ဝတ်ပြုရန်ခွင့်ပြုသင့်ကြောင်းအမေရိက က အစ္စရေးအား ဖေဖော်ဝါရီ ၂၈ ရက်တွင်တိုက်တွန်းခဲ့သည်။

အစ္စရေးအနေဖြင့်လည်း မတ်လ ၁၀ ရက် (သို့) ၁၁ ရက်တွင်စတင်မည့် မွတ်ဆလင်ဘာသာဝင်များ၏ ဥပုသ်စောင့်ထိန်းရာလမြတ်၌ ဂျေရုဆလင်ရှိ ဝတ်ပြုမည့်ကိစ္စရပ်များအတွက် သုံးသပ်နေကြောင်းလည်းသိရသည်။

အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့သည့် ဟားမတ်စ်အဖွဲ့၏တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် အစ္စရေးက တရစပ်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အချိန်အတွင်း မွတ်ဆလင်ဘာသာဝင်များ၏ ဥပုသ်လ ရောက်ရှိလာခြင်းဖြစ်သည်။

ဟားမတ်စ်တို့ကလည်း ရာမာဒန်လအစ၌ Al – Aqsa ဗလီတွင် လူထုလှုပ်ရှားမှုပြုလုပ်ပြီး ဝတ်ပြုဆုတောင်းရန် တောင်းဆိုခဲ့သည်ဟုလည်းသိရသည်။

သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်က အစ္စရေး နိုင်ငံတော်လုံခြုံရေးဝန်ကြီး Itamar Ben Gvir က အနောက်ဘက်ကမ်းခြေရှိ ပါလက်စတိုင်းလူမျိုးများအ‌နေဖြင့် ရာမာဒန်လအတွင်း ဆုတောင်းရန်အတွက် ဂျေရုဆလင်သို့ ဝင်ရောက်ခွင့်မပြုသင့်ကြောင်းပြောကြားခဲ့သည်။

အမေရိက ကမူ အစ္စရေးက အပစ်အခတ်ရပ်နားထားပြီး ဓ-ါးစာခံများလွတ်မြောက်နိုင်မည့်အချက်များပါဝင်‌သော အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ရပ်ကို ရာမာဒန်ဥပုသ်လမစမီ အကောင်အထည်ဖော်နိုင်ရန် အလေးပေးဆောင်ရွက်လျက်ရှိသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here