ဂါဇာကမ်းမြောင်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထက်ဝက်ခန့်ကျဆင်း၊အလှူငွေများပိုမိုရရှိရန်ပန်ကြား

0
141

နူးယော့ခ်၊ဖေဖော်ဝါရီ ၂၉

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) သည် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ယခုလတွင်ထက်ဝက်လျော့ကျသွားကြောင်းပြောကြားခဲ့သည်။

အဓိကအလှူရှင်များဖြစ်သည့် အမေရိက၊ဗြိတိန်နှင့်ဂျာမနီအပါအဝင် သြစတြေးလျတို့က ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့်ကိုဆိုင်းငံ့ထားလိုက်သည်ဟုလည်းဆိုသည်။

ယခုကဲ့သို့ ဆိုင်းငံ့လိုက်ရခြင်းမှာ UNRWA မှ ဝန်ထမ်းများသည် အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သည့် ပဋိပက္ခ၌ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ယင်းသို့ဆိုင်းငံ့ထားသည့်အတွက်ကြောင့်ပင် တိုက်ပွဲများဖြစ်ပွားနေသည့် နယ်မြေ၏ အကြီးဆုံးဖြစ်သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းသည် ပြိုကျလုနီးနီးဖြစ်နေကြောင်းကိုလည်း အေဂျင်စီအကြီးအကဲကသတိပေးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၌ လူအများသည် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် ရန်ပုံငွေဆိုင်းငံ့ထားမှုသည် တရားမျှတမှုမရှိဟု ကုလသမဂ္ဂကဝေဖန်ခဲ့ပြီး အလှူရှင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ပြန်ပြင်ရန်လည်းတိုက်တွန်းခဲ့သည်။

UNRWA ကလည်း ၎င်းတို့အနေဖြင့် ရန်ပုံငွေမရရှိပါက ဒေသတွင်းကူညီကယ်ဆယ်‌ရေးလုပ်ငန်းများသည် မကြာမီ ရပ်ဆိုင်းသွားနိုင်ကြောင်းသတိပေးထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here