မြန်မာနိုင်ငံသား မဟုတ်သူများကို စစ်မှုထမ်းခိုင်းမည်မဟုတ်ကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
204

တိုပ်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများမှ ရာနှင့်ချီသော ဘင်္ဂါလီလူမျိုးများအား စစ်မှုထမ်းရန် စုဆောင်းမှုများ အတင်းအကြပ် လုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုမှ ဖော်ပြလာမှုနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” မြန်မာနိုင်ငံသား မဟုတ်ရင် မခေါ်ပါဘူး။ ဘင်္ဂါလီလူမျိုးတွေကို ခေါ်ယူခြင်းလည်း မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒါကာထရီဗျူးသတင်းဌာနမှ “နယ်စပ်ဒေသရှိ ထောင်နှင့်ချီသော ဘင်္ဂလီ ဒုက္ခသည်များအား လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည်” ဟုဆိုကာ သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ သတင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးခွင့်ရှိသူ ဦးလှသိန်းကလည်း မဟုတ်မမှန် လုပ်ကြံသတင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

နိုဝင်ဘာ (၁၃) ရက်က စတင်ခဲ့သည့် ရခိုင်တကျော့ပြန် စစ်ပွဲအတွင်း တပ်မတော်မှ စစ်ရေးအထိနာနေချိန် ယခုကဲ့သို့ အချိန်ကိုက် မဟုတ်မမှန် သတင်းများ ဖြန့်ချိနေကြခြင်းဖြစ်ကြောင်းလည်း ရခိုင်စစ်ရေး စောင့်ကြည့်လေ့လာသူအချို့က သုံးသပ်သည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နစက က အတည်ပြုအသက်သွင်းခဲ့သည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေသည်
လည်း ယင်းကဲ့သို့ သတင်းတု သတင်းမှားများကို မီးမွှေးပေးသလို ဖြစ်နေကြောင်းလည်း အချို့က သုံးသပ်ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုးများအား စစ်မှုထမ်းရန် စုဆောင်းမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပြင် အချို့မြို့များနှင့် ကျေးလက်ဒေသများတွင် ပေါ်တာဆွဲနေသည်၊ တပ်သားသစ် စုဆောင်းနေသည်ဆိုသည့် သတင်းတု သတင်းမှားများလည်း ထွက်ပေါ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here