ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့

0
220

ယနေ့ မတ်လ ၁ ရက်နေ့နံနက်အစောပိုင်းတွင် ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယနေ့ ၂ နာရီ ၂၃ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အ‌ဆိုပါ မီးလောင်ရာနေရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပြီး ၃ နာရီ ၇ မိနစ်အချိန်တွင် မီးထိန်းပြီး ၃ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းကြောင်း သိရသည်။

ယင်းမီးလောင်သည့် သင်္ဘာသည် လောင်စာဆီတင်သင်္ဘာဟုသိရပြီး ညလူနေတိတ်ချိန် မီးလောင်ပေါက်ကွဲသံကို ရန်ကုန်မြို့ပေါ်ရှိလူများ ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပြီး အိမ်ပြတင်းတံခါးမှန်များ တုန်ခါမှုရှိခဲ့ကြောင်း ရန်ကုန်မြို့နေပြည်သူများက လူမှုကွန်ရက်တွင်ရေးသားထားသည်။

” လန့်တောင်လန့်သွားတယ်။ အိမ်ကိုတုန်ခါသွားတာပဲ။ ဝုန်းခနဲဆိုအသံကြားလိုက်တာ”ဟု လှည်းတန်းရှိနေထိုင်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here