အကြိမ် (၆၀) မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဃ ၁၉၉၇၂၄ နံပါတ်ဖြင့် ကျပ် သိန်း ၅၀၀၀ ဆွတ်ခူး

0
304

ယနေ့မတ်လ ၁ ရက်နေ့ ဖွင့်လှစ်သည့် အကြိမ် ၆၀ မြောက် အောင်ဘာလေထီဖွင့်ပွဲတွင်အက္ခရာနံပါတ် ဃ ၁၉၉၇၂၄ မှ ကျပ် သိန်း ၅၀၀၀ ဆွတ်ခူးခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ထို့ပြင် ဇ ၁၁၁၆၉၉ မှကျပ် သိန်း ၂၀၀၀ဆု၊ င ၆၆၄၉၁၈ ကျပ် သိန်း ၁၀၀၀ ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ဇ”အက္ခရာအထိ စုစုပေါင်း အက္ခရာ ၈ လုံး ထီစာအုပ်အရေအတွက် ၄၉၀၉၁၂ အုပ်အား ရောင်းချနိုင်ခဲ့ပြီး ထီလက်မှတ်ရောင်းရငွေမှာ ကျပ် ၅ ဘီလီယံနီးပါးရရှိထားကြောင်းသိရသည်။

ထို့ပြင် အကြိမ် ၆၀ မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ နှစ်ဆု၊ ကျပ်သိန်းတစ်ရာ ငါးဆု၊ ကျပ်သိန်းငါးဆယ် ရှစ်ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၂ ဆု၊ ကျပ်ဆယ်သိန်း ၁၃ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ထီဖွင့်ပွဲတွင်ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ရောင်းမကုန် ထီလက်မှတ်နံပါတ်များ ထွက်ပေါ်လာပါက အဆိုပါဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သောဆုမဲအဖြစ် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ခွဲဝေထားသောဆုမဲအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here