ဆာဖာရီဥယျာဉ်၊ နက္ခတ်တာရာ ပြခန်းများ၊ တိရိစ္ဆာန်ဥယျာဉ်များအား ပုဂ္ဂလိကသို့ ငှားရမ်းမည်

0
176

လာမည့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ ပက်ကေ့စနစ်ဖြင့်နေပြည်တော်အပါအဝင် တိုင်းသုံးခုမှ ဆာဖာရီဥယျာဉ်၊ နက္ခတ်တာရာ ပြခန်းများအပြင် တိရိစ္ဆာန်ဥယျာဉ်များအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့(၁၀) နှစ် ငှားရမ်းသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်)၊ နက္ခတာရာပြခန်း (နေပြည်တော်)၊တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)တို့၏ လုပ်ငန်းများကို  ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းခြင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

ထို့ကြောင့် လုပ်ကိုင်လိုသည့် အစိုးရအသိအမှတ်ပြု ကုမ္ပဏီများ အနေဖြင့် လေလံတင်ဒါ လျှောက်လွှာကို မတ်လ (၃) ရက်တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး တင်ဒါရွေးချယ်မှုကို မတ်လ (၅) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါလျှောက်ထားရာတွင် မြန်မာကျပ်ငွေဖြင့်သာ အိတ်ဖွင့်တင်ဒါဈေးနှုန်းတင်သွင်းရမည်ဖြစ်ပြီး လေလံတင်ဒါလျှောက်လွှာကို နေပြည်တော်သစ်တောဦးစီဌာန တိရစ္ဆာန် ဥယျာဉ်များဌာနရုံး အမှတ် (၃၉) တွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here