မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးမည်

0
156

မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်‌ရေးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။

ကြည့်မြင်တိုင် မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

သက်မွေးအတတ်ပညာများကို ယခုထက်ပို၍ အမျိုးအစား ပိုမိုသင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်‌ရေးဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့် ဆက်သွယ်၍ စနစ်တကျ လေ့ကျင့်ပေးရန်လည်း ပါဝင်သည်။

အဆိုပါကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်း မျက်မမြင်ကျောင်းသား ကျောင်းသူ (၁၁၁) ဦးကို မျက်မမြင်လက်စမ်းစာ (Braille Letter) ဖြင့် မူလတန်းပညာရေးကို ကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးနေပြီး အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Education ဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသော ကျောင်းများတွင် ဆက်လက်သင်ကြားပေးနေကြောင်းလည်း သိရသည်။

ယင်းအပြင် Japan Heart အဖွဲ့နှင့် ပူးပေါင်း၍ တစ်နှစ်သင်တန်းအဖြစ် ဂျပန်နည်းစနစ်ဆိုင်ရာ ဆေးပညာအကြောပြင် အနှိပ်သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here