ဂျပန်ဗီဇာ လျှောက်သူများနေ၍ တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူခြင်းအစား အီးမေးလ်ဖြင့် ရက်ချိန်းယူခြင်းကိုလက်ခံဖြေကြားသွားမည်ဟု ဂျပန်သံရုံးအသိပေး

0
171

လက်ရှိတွင် ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားနေသည့်အတွက် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားကြောင်း ရန်ကုန်ရှိမြို့ရှိ ဂျပန်သံရုံးက ထုတ်ပြန်အသိပေးထားသည်။

ယင်းကဲ့သို့ တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်း ရယူခြင်းကို ခေတ္တခဏ ရပ်နားထားသော်လည်း အီးမေးလ်ဖြင့် ရက်ချိန်ယူးခြင်းကို လက်ခံလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းအပေါ် နားလည်ပေးနိုင်ပါရန်လည်း မေတ္တာရပ်ခံထားသည်။

ထို့အပြင် အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်း ရယူရာတွင် အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြရန်လည်း မေတ္တာရပ်ခံထားသည်။

ယခုရပ်နားထားသည့် တယ်လီဖုန်းဖြင့် ရက်ချိန်းရယူခြင်း ပြန်လည် လုပ်ဆောင်နိုင်မည့် အချိန်ကိုလည်း ထပ်မံအသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here