ထိုင်း – မြန်မာ နယ်စပ်တွင် တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများအား သုံးနိုင်ငံပူးပေါင်း၍နေရပ်ပြန်ပို့

0
112

ကရင်ပြည်နယ်၊ မြဝတီခရိူင်၊ မြဝတီနယ်စပ်မြို့အတွင်း တရားမဝင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများကို မြန်မာ၊ ထိုင်း၊ တရုတ် (၃)နိုင်ငံ တာဝန်ရှိသူများ၏ ပူးပေါင်းအစီအစဉ်ဖြင့် နေရပ်သို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ ပြန်လည်ပို့ဆောင်ရာတွင် မြဝတီမြို့နယ်အတွင်း တရားမဝင်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများအနက် (၉၇၇)ဦးက နေရပ်သို့ပြန်လိုကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားလာသည့်အတွက် ပြန်လည်ပို့ဆောင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ယမန်နေ့ ဖေဖော်ဝါရီ (၂၉)ရက်က ပထမအသုတ်အနေဖြင့် တရုတ်နိုင်ငံသား (၁၅၀)ဦးကို ထိုင်းနိုင်ငံမဲဆောက်လေဆိပ်မှတဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား (၁၅၀) ဦးအား မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံမှလာရောက်ခေါ်ဆောင်သည့် Airbus 319 – 320 အမျိုးအစား လေယာဉ်နှစ်စီးဖြင့် တရုတ်အာဏာပိုင်များက ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် တရုတ်နိုင်ငံသားများကို ယနေ့ မတ်လ (၁) ရက်မှ (၅)ရက်အထိ တစ်ရက်လျှင် သုံးခေါက်နှုန်းဖြင့် ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here