ဘင်္ဂလားဒေ့ရှ်၌ ဒန်ပေါက်ဆိုင်မီးလောင်မှုကြောင့်  ၄၆ ဦး ထက်မနည်း​ေ-သဆုံး

0
157

ဒါကာ၊မတ် ၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ အချက်အခြာ နေရာရှိ ဈေးဝယ်စင်တာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၄၆ ဦးထက်မနည်း​ေ-သဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် စင်တာ ပထမထပ်ရှိ နာမည်ကြီး ဒန်ပေါက်ဆိုင်တစ်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားအိမ်များနှင့်ဆိုင်များသို့ပါ အလျင်အမြန်ကူးစက်သွားခြင်းဖြစ်ကြောင်းလည်းသိရသည်။

မီးလောင်မှုကြောင့် စင်တာထဲရှိလူများပိတ်မိကာ လူ ၄၆ ဦး ထက်မနည်း ​ေ-သဆုံးပြီး ၂၂ ဦးသည် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံများတွင် ကုသမှုခံယူနေရကြောင်း ကျန်းမာရေးဝန်ကြီးက ဒါကာဆေးရုံသို့သွားရောက်ပြီးနောက် သတင်းထောက်များအားပြောကြားခဲ့သည်။

ဆေးကုသမှုခံယူနေသည့် အဆိုပါ လူနာ ၂၂ ဦးလုံးသည် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ မီးကိုနှစ်နာရီကြာငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကိုမူ မသိရသေးကြောင်း မီးသတ်ဌာနကပြောကြားခဲ့သည်။

မီးသတ်နှင့်ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကမူ ယခုမီးလောင်ကျွမ်းမှုသည် ဒန်ပေါက်ဆိုင်၏မီးဖို (သို့မဟုတ်) ဂက်စ်အိုးယိုစိမ့်မှုမှစတင်ဖြစ်နိုင်သည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အေတီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here