EV မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပို ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

0
178

တရုတ်နိုင်ငံထုတ် EV ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Aiqar eQ3 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာသည့်အတွက် ဖေဖေါ်ဝါရီ (၂၉) ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများလည်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဖေဖေါ်ဝါရီ (၂၉) ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နစက၏ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EV ယာဉ်များကို တရုတ်အပါအဝင် ပြည်ပမှ ဝယ်ယူတင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ EV ယာဉ်အစီးရေ ၅၀၀၀ ကျော် မှတ်ပုံတင်ထားပြီး EV ယာဉ် တင်သွင်းခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသည့် ကုမ္ပဏီ (၈၀) ကျော် ရှိကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီ (၈၀) ကျော်ထဲမှ လက်ရှိတွင် ကုမ္ပဏီ (၃၀) ကျော် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here