ရန်ကုန်တက္ကသိုလ် နယ်မြေရှိဈေးဆိုင်ခန်းများ ငှားရမ်းရန် တင်ဒါခေါ်ယူထား

0
134

ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်းရှိ ရေကူးကန်၊ အားကစားရုံနှင့် ဈေးဆိုင်ခန်းများကို ငှားရမ်းရန် နိုင်ငံပိုင်သတင်းစာမှတဆင့် အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ရှိ ဆိုင်ခန်း(၅၉)ခန်း၊ အင်းယားလမ်းနှင့် သထုံလမ်းရှိ ရန်ကုန်တက္ကသိုလ် ရေကူးကန်၊ သထုံလမ်းနှင့် လှိုင်နယ်မြေရှိ ရန်ကုန်တက္ကသိုလ် အားကစားရုံတို့ကို ငှားရမ်းသွားမည်ဖြစ်သည်။

တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်း သတ်မှတ်ချက်များကို တစ်စောင်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်တက္ကသိုလ်၊စီမံရေးရာဌာနတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈) ရက် နံနက် (၁၀) နာရီအချိန်မှစပြီး ရုံးချိန်အတွင်း ရောင်းချပေးနေသည်။

ထို့အပြင် တင်ဒါပိတ်ရက်သည် မတ်လ (၁၃) ရက် နေ့လယ် (၂) နာရီအချိန် သတ်မှတ်ထားပြီး တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စီမံရေးရာဌာနသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here