လားရှိုးမြို့တွင် တစ်ရက်လျှင် (၄)နာရီကြာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးမည်

0
191

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း သတ်မှတ်အုပ်စုအလိုက် တစ်ရက်လျှင် (၄)နာရီကြာ အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးပေးဝေသွားမည်‌ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးရုံးမှ အသိပေးထားသည်။

အဆိုပါ အလှည့်ကျ လျှပ်စစ်မီးပေးဝေမှုအတွက် ယနေ့ မတ်လ (၁)ရက်မှစတင်ကာ (၁၅)ရက်အထိ (၁၅)ရက်ကြာမြင့်မည်ဖြစ်ပြီး အုပ်စု (၄)အုပ်စုခွဲ၍ ပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သတ်မှတ်တစ်အုပ်စုလျှင် လျှပ်စစ်မီးဖြန့်ဖြူးချိ န်(၄)နာရီသာ ရရှိမည်ဖြစ်ပြီး လျှပ်စစ်ပေးဝေနေချိန်အတွင်း လျှပ်စစ်ဓာတ်အားအတွင်းရှိ မဟာဓာတ်အားလိုင်းများ ချို့ယွင်းခြင်း၊ ဓာတ်အားထုတ်စက်များ ချို့ယွင်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ် ပျက်ပြားနိုင်ပြီး(System break down) ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် ထပ်မံဝန်အားလျော့ ဓာတ်အားပိတ်ရခြင်းများရှိနိုင်သဖြင့် ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်ကြောင်းလည်း အသိပေးထားသည်။

“(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိဆိုတာ အခု notechat ပြည့်သွားလို့ပါ။ နောက်ပိုင်း (၁၅ )ရက်မှာလည်း ဒီအတိုင်းဘဲ ပြန်လာမှာဗျ။ ဒီ notechat အတိုင်း တော်တော်လေးကြာမယ်။ ဒီနွေရာသီအတွင်း ဖြစ်ဖို့များမယ်။”ဟု လားရှိုး လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် လျှပ်စစ်မီးပေးဝေနေချိန်အတွင်း ရပ်ကွက်များ၌ တပြိုင်နက်ဝန်အားသုံးစွဲခြင်းကြောင့် Breaker ပြုတ်ကျ၍ လျှပ်စစ်ပေးဝေမှု ပြတ်တောက်မှုများ ရှိနိုင်ကြောင်းလည်းအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here