ရုရှား၌သောင်တင်နေသည့် နိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ရေး အိန္ဒိယစီစဉ်နေ

0
150

မော်စကို၊ဖေဖော်ဝါရီ ၂၉

အိန္ဒိယသည် ရုရှား၌ပိတ်မိနေသည့် ၎င်း၏နိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းသိရှိရသည်။

လက်ရှိ၌ ရုရှားနိုင်ငံတွင်ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား အနည်းဆုံး ၂၀ ဦးသည် အကူအညီရယူနိုင်ရန်အတွက် အိန္ဒိယအာဏာပိုင်များထံဆက်သွယ်ထားကြောင်း ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အိန္ဒိယသည် နိုင်ငံသားများအား နေရပ်ပြန်ပို့ရန် ကြိုးပမ်းရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်နေပြီး ၎င်းတို့ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက်လည်းကတိကဝတ်ပြုထားကြောင်းသိရသည်။

သောင်တင်ပိတ်မိနေသည့် အိန္ဒိယလူမျိုးများ နေရပ်ပြန်ရေးအတွက် လိုအပ်သောအစီအစဉ်များ လွယ်ကူချောမွေ့စေရန်အတွက်လည်း အိန္ဒိယအာဏာပိုင်များသည် ရုရှားတာဝန်ရှိသူများနှင့် ပုံမှန်ဆက်သွယ်မှုပြုလုပ်နေကြောင်း Jaiswal ကပြောကြားခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here