ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်

0
151

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီးသည် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ယနေ့ မတ်လ(၁) ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan(OPV-552) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ တပ်မတော်ရေမှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သိရသ ည်။

အဆိုပါ စစ်ရေယာဉ်အား ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ရန်ကုန်မြို့တွင် မတ်လ (၃) ရက်အထိ နေထိုင်ကာ အထင်ကရနေရာများသို့ သွားရောက် လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here