OpenAI ကုမ္ပဏီနှင့် ယင်း၏ CEO Sam Altman ကို အကျိုးအမြတ်များစွာ ရယူမှုအတွက် အီလွန်မတ်စ် တရားစွဲ

0
103

မိုက်ခရိုဆော့ဖ် ကျောထောက်နောက်ခံပြုထားသော OpenAI ကုမ္ပဏီသည် အမြတ်အစွန်းကို အဓိကမထားသော open-source ကုမ္ပဏီတစ်ခု တည်ထောင်မည်ဟု မူလက ကတိပြုထားသော်လည်း ယခုအခါတွင် လူသားချင်းကိုယ်ချင်းစာမှုထက်ကျော်လွန်စွာ အကျိုးအမြတ်များစွာ ရယူနေခြင်းကြောင့် လူသားမျိုးနွယ်အတွက် အကျိုးရှိစေမည့် ၎င်း၏မူလကတိကို သစ္စာဖောက်သည်ဟုဆိုကာ OpenAI ကုမ္ပဏီနှင့် ၎င်း၏အမှုဆောင်အရာရှိချုပ် Sam Altman အား ဘီလျံနာ အီလွန်မတ်စ်က ကြာသပတေးနေ့တွင် ဆန်ဖရန်စစ္စကိုမြို့ တရားရုံးတစ်ခု၌ တရားစွဲဆိုခဲ့သည်။

Altman နှင့်အတူ OpenAI ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ Greg Brockman တို့သည် အမြတ်အစွန်းမရှိသော ကုမ္ပဏီတစ်ခုတည်ထောင်ရန် ကနဦးကတိပြုခဲ့ပြီး ယခုအခါ အမြတ်အစွန်းများနောက်သို့ လိုက်နေခြင်းသည် မူလကတိကဝတ်ကိုချိုးဖောက်မှုတစ်ခုဖြစ်ကြောင်း အီလွန်မတ်စ်က ဆိုသည်။

ကုမ္ပဏီသည် ၎င်း၏အဆင့်မြင့်ဆုံး AI မော်ဒယ်ဖြစ်သည့် GPT-4 ဒီဇိုင်း၏ “ပြီးပြည့်စုံသောလျှို့ဝှက်ချက်” ကို ထိန်းသိမ်းထားခဲ့သည်ဟု အီလွန်မတ်စ်၏ရှေ့နေများက ပြောကြားခဲ့သည်။

အီလွန်မတ်စ်သည် OpenAI ကို ပူးတွဲတည်ထောင်သူတစ်ဦးအဖြစ် ၂၀၁၅ ခုနှစ်တွင် ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ သူသည် လျှပ်စစ်ကားများထုတ်လုပ်သည့် Tesla ကုမ္ပဏီနှင့် ဒုံးပျံများထုတ်လုပ်သည့် SpaceX ကုမ္ပဏီတို့ကိုတည်ထောင်ခဲ့ပြီး Twitter ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here