နောင်ချိုတွင် ငွေကျပ်သိန်း ၇၆ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလို ဖမ်းဆီးရမိ

0
135

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန် နောင်ချိုမြို့ ၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမကြီးအတိုင်း ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ မင်းမင်းကို မောင်းနှင်လာသော HYUNDAI GRAND STAREX မော်တော်ယာ ဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၇၆၉၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉
သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာမှ မွန်းလွဲ (၁) နာရီအချိန် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ကျော်သူအောင်အား နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးတွင် NIS SAN AD VAN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here