ဗီတာမင် A မှ K ဘာကြောင့် လိုအပ်လဲ? ဘယ်လို ရနိုင်လဲ?

0
242

ဗီတာမင်များ (လက်တင်စကား vita နှင့် amine) သည် အော်ဂဲနစ်ပစ္စည်းများအုပ်စုဖြစ်ပြီးခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများ၊ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် ပမာဏအနည်းငယ်လိုအပ်ပါသည်။

မရှိမဖြစ်ဗီတာမင် ၁၃မျိုးကို အဆီတွင်ပျော်ဝင်နိုင်သောဗီတာမင် နှင့် ရေတွင်ပျော်ဝင်နိုင်သောဗီတာမင်ဟူ၍ အုပ်စုနှစ်စုခွဲနိုင်သည်။

၎င်းတို့၏ လုပ်ငန်းဆောင်တာများ၊ အကြံပြုထားသော အာဟာရဓာတ်များ စားသုံးမှုများကိုပုံတွင် ဖော်ပြထားပါသည်။

Multivitamin ဖြည့်စွက်စာများ လိုအပ်ပါသလား။

ဗီတာမင်များသည် ကလေးများ၏ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့် အလုံးစုံကျန်းမာမှုအတွက် အရေးကြီးပါသည်။ ထို့ကြောင့် ဗီတာမင်အေ ချို့တဲ့ပါက ပြင်းထန်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ကလေးငယ်များ ဗီတာမင်အလုံအလောက်ရရှိစေရန်အတွက် မတူညီသောအစားအစာအုပ်စုများမှ အစားအစာအမျိုးမျိုးပါဝင်သော မျှတသောအစားအစာကိုကျွေးပေးပါ။

အရောင်စုံ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းသည် မတူညီသော ဗီတာမင်များ ပါဝင်သောကြောင့် အကျိုးကျေးဇူးရစေသည်။ သို့သော် ဗီတာမင်များသည် ပမာဏအနည်းငယ်သာ လိုအပ်သောကြောင့်များလွန်းလည်း ကောင်းမည်မဟုတ်ပေ။

ရေတွင်ပျော်ဝင်သော ဗီတာမင်များကို ခန္ဓာကိုယ်မှ လျင်မြန်စွာ စုပ်ယူနိုင်ပြီး၊အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်များသည် နှေးကွေးစွာ ဇီဝဖြစ်စဉ်ကို ချေဖျက်နိုင်ပြီး ပိုလျှံနေသည့်အရာမှန်သမျှကို အသည်းထဲတွင် သိမ်းဆည်းထားလေ့ရှိသည်။

ဆိုလိုသည်မှာ အဆီတွင်ပျော်ဝင်သော ဗီတာမင်များလွန်းပါကအဆိပ်သင့်ခြင်း၊အထူးသဖြင့် over- supplementation ဖြည့်စွက်စာအားဆေးအလွန်အကျွံသုံးခြင်းတွေမှာ တွေ့ရတတ်ပါသည်။

လူသားတို့၏ အဓိက ဗီတာမင်အရင်းအမြစ်သည် လတ်ဆတ်သော အစားအစာများဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အစေ့အဆန်များစသည်တို့မှလာသင့်သည်။

ပြုပြင်ထားသောအစားအစာများနှင့် ဖြည့်စွက်စာများသည် အချို့သောချွင်းချက်ကိစ္စများဖြစ်သည့် ကိုယ်ဝန်ဆောင်စဉ်၊ ကန့်သတ်ထားသော အစားအသောက်များ နှင့် ကျန်းမာရေးပြဿနာရှိသူများနှင့်သာပိုမိုသင့်လျော်ပါသည်။

သင် သို့မဟုတ် သင့်မိသားစုအတွက် ဖြည့်စွက်စာများ လိုအပ်ခြင်းရှိမရှိ သိရှိရန် ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်နှင့် တိုင်ပင်ပါ။

Source: thestar.com.my


LEAVE A REPLY

Please enter your comment!
Please enter your name here