သြဇာကြီးသူများနှင့်စီးပွားရေး၊လူမှုရေးတို့ မြှင့်တင်မည့် အမ်ဘာနီ၏ ၃ရက်ကြာ မင်္ဂလာပွဲ

0
327

ကြွယ်ဝချမ်းသာမှုခန့်မှန်းခြေဒေါ်လာ ၁၁၆ဘီလီယံရှိသော Mukesh Ambani ၏ အငယ်ဆုံးသားဖြစ်သည့် Anant Ambani ၏၃ရက်ကြာမင်္ဂလာပွဲသည် မတ်လ ၁ ရက် ယမန်နေ့ကစတင်နေပြီဖြစ်သည်။ (ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဒစ္စနေးနဲ့ပေါင်းပြီး မီဒီယာကုမ္မဏီကြီး အဖြစ်ဖက်စပ်လုပ်လိုက်ပြီဖြစ်ကြောင်းကြေငြာထားသည်)

အိန္ဒိယနိုင်ငံ၊ Jamnagar တွင် သုံးရက်ကြာကျင်းပသည့် အဆိုပါပွဲကို ဇူကာဘတ်၊ ဘူတန်ဘုရင်မိသားစု၊အိုင်ဗာကာထရမ့် ၊ရီဟားနားအပါအဝင် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်နေကြပြီး စုစုပေါင်းဧည့်သည်ဦးရေ ၁၂၀၀ ဝန်းကျင်ရှိကြောင်း ရိုက်တာသတင်းဌာနက မှတ်ချက်ပြုထားသည်။

ကမ္ဘာလုံးဆိုင်ရာနည်းပညာအကြီးအကဲများ၊လုပ်ငန်းရှင်တိုင်တန်များ၊ဘောလီးဝုဒ်အကျော် အမော်များ၊ ပေါ့ပ်အိုင်ကွန်များနှင့် နိုင်ငံရေးသမားများ၊အိန္ဒိယနှင့် အာဖဂန်မှခရစ်ကတ်ကစားသမားအကျော်အမော်များသည်လည်း ဘီလီယံနာမိသားစု၏ သုံးရက်ကြာကျင်းပသော မင်္ဂလာပွဲများတက်ရောက်ကြမည်ဖြစ်သည်။

ဧည့်ခံဖျော်ဖြေပွဲများတွင် ရီဟားနား ပါဖျော်ဖြေမည်ဖြစ်ပြီး ၎င်း၏ ခရီးဆောင်ပစ္စည်းများမှာ လူနှင့်သယ်မရဘဲစက်နှင့်သယ်ရသည့် ပစ္စည်းထုပ်ကြီးများဖြင့်လေဆိပ်သို့ဆိုက်ရောက်လာမှုတွင် လူအများက အိမ်သယ်လာသလားဟုပင် အံ့သြယူခဲ့ရသည်။

အမ်ဘာနီ မိသားစုသည် ၎င်းတို့၏ဇာတိမြို့အနီးရှိ ကျေးရွာများမှလူ ၅၁၀၀၀အတွက် ညစာစတုဒီသာစားပွဲဖြင့် မင်္ဂလာပွဲအကြို အခမ်းအနားများကို ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့သည်။

အမ်ဘာနီပိုင် ရီလိုင်းရန့်စ်မှထုတ်ပြန်သည့်ဗီဒီယိုတွင် သတို့သား၏မိခင် Nita Ambani ကမင်္ဂလာပွဲအတွက်အဓိကဆန္ဒနှစ်ခုမှာ ၎င်းတို့၏ ရှေးထုံးအစဉ်အလာကိုဂါရဝပြုရန်နှင့် အနုပညာနှင့် ယဉ်ကျေးမှုကို ဂုဏ်ပြုရန်ဖြစ်ကြောင်းကိုပြောထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here