ဗဟိုဘဏ်က မတ်လ (၄) ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမည်

0
181

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လာမည့် မတ်လ (၄) ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၃၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ်သန်း ၉၀၀ ကို တစ်လခွဲအတွင်းရောင်းချပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ (၁) ရက်တွင် အမေရိကန်ဒေါ် လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားပြီး၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးထားကာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်ဒီဇင်ဘာ (၅) ရက်မှစတင်ကာ နိုင်ငံခြားငွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက် ဒေါ်လာငွေလဲလှယ်နှုန်းသည် တရိပ်ရိပ်မြင့်တက်ခဲ့ရာ လက်ရှိတွင် တစ်ဒေါ်လာ ၃၆၀၀ ကျပ်ကျော်အထိ ရောက်ရှိလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here