အမေရိကန်စစ်တပ်က ဂါဇာဒေသအတွင်း အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်းများအား လေယာဉ်မှ ချပေးမည်ဟု ဘိုင်ဒင် ကြေညာ

0
163
Palestinians run along a street as humanitarian aid is airdropped in Gaza City on March 1, 2024, amid the ongoing conflict between Israel and the Hamas militant group. - For months, aid workers have warned of an increasingly desperate situation for Gazan civilians, and on February 26 an official from the UN humanitarian office OCHA said widespread starvation was "almost inevitable". (Photo by AFP)

အမေရိကန်စစ်တပ်က ဂါဇာဒေသအတွင်းကို လေကြောင်းကနေ အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မတ်လအတွင်း ချပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပါတယ်။

လေကြောင်းကနေ ပစ္စည်းတွေ ချပေးမယ့် အစီအစဉ်ကို လာမယ့်ရက်ပိုင်းအတွင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မစ္စတာ ဘိုင်ဒင်က ပြောဆိုပေမယ့် အသေးစိတ်အချက်တွေကိုတော့ ပြောဆိုခြင်း မရှိပါဘူး။ ဂျော်ဒန်၊ ပြင်သစ် အပါအဝင် အခြားနိုင်ငံတွေကတော့ ဂါဇာဒေသအတွင်း လေကြောင်းကနေ အကူအညီပစ္စည်းတွေ ချပေးမှုကို လုပ်ဆောင်ထားခဲ့ပြီးဖြစ်ပါတယ်။

မိမိတို့အနေနဲ့ အကူအညီပစ္စည်းတွေ ချပေးမှု ထပ်လုပ်ဖို့လိုအပ်ပြီး အမေရိကန်က ဒါကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဂါဇာဒေသကို ပေးအပ်တဲ့ အကူအညီတွေဟာ ဘယ်နေရာမှာမှ လုံလောက်မှု မရှိသေးကြောင်း မစ္စတာ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

လေကြောင်းကနေ စားနပ်ရိက္ခာ ချပေးမှုဟာ စဉ်ဆက်မပြတ်လုပ်ငန်းစဉ်တစ်ခု ဖြစ်လာမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုပြီး ပထမဆုံးအနေနဲ့ စစ်ဘက် အသင့်စား အစားအစာ MRE တွေကို လေကြောင်းက ချပေးဖို့ရှိကြောင်း သူက ပြောဆိုခဲ့ပါတယ်။

ဂါဇာဒေသထဲကို အကူအညီပစ္စည်း ပမာဏများစွာ ပေးပို့နိုင်ရေးအတွက် ပင်လယ်ရေကြောင်း စင်္ကြန်တစ်ခုဖော်ဆောင်ရေး ဖြစ်နိုင်ချေကိုလည်း အမေရိကန်က သုံးသပ်နေတယ်လို့ မစ္စတာ ဘိုင်ဒင်က ပြောဆိုပါတယ်။

ဂါဇာကမ်းမြောင်လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူဦးရေ ၅၇၆၀၀၀ ခန့်ဟာ အငတ်ဘေးကျရောက်တော့မယ့် အခြေအနေဖြစ်နေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ပြောဆိုခဲ့ပါတယ်။ 

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here