EPS စာမေးပွဲဖြေဆိုမည့် အမျိုးသမီးများ ပညာအရည်အချင်းမှန်ကန်‌အောင် ဖော်ပြရမည်

0
213

EPS-TOPIK ဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် အမျိုးသမီးများအနေဖြင့် ပညာအရည်အချင်း မှန်ကန်‌အောင်ဖော်ပြရမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) က ကြေညာထားသည်။

၎င်းတို့အနေဖြင့် ပညာအရည်အချင်း ဖော်ပြချက်ကိုမှန်ကန်အောင်မတင်ပြပါက အလုပ်လုပ်ခွင့်ရမည် မဟုတ်ကြောင်း အသိပေးထားသည်။

ထို့အပြင် ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမည့် အမျိုးသားများအနေဖြင့် ပညာအရည်အချင်းသတ်မှတ်ချက်မရှိဘဲ အမျိုးသမီးများသည် အနည်းဆုံး အခြေခံပ ညာအထက်တန်းအောင်မြင်ပြီးသူ (တက္ကသိုလ်ဝင်တန်းအဆင့် အောင်လက်မှတ်ရရှိသူ)ဖြစ်ရမည်ဟု ကန့်သတ်ထားခြင်းဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းအတွက် စာမေးပွဲဖြေခွင့်ပညာအရည်အချင်းကို တောင်ကိုရီးယားဘက်က သတ်မှတ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံဘက်က ကန့်သတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် EPS-TOPIK စာမေးပွဲဖြေဆိုခွင့်လျှောက်ထားခြင်းကို ယခုလဆန်းတွင် လက်ခံမည်ဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် အလုပ်သမား ၃၀၀၀ ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here