နေအိမ်မီးလောင်ခြင်း ကင်းဝေးရန်အတွက် မိန်းခလုတ်များ ပြန်လည်လာရောက်ချထားကြရန် ဇရပ်ကြီးဒေသခံများအား အသိပေးနှိုးဆော်ထား

0
118

တိုက်ပွဲကြောင့် စစ်ရှောင်နေကြရသည့် ဇရပ်ကြီး ဒေသခံပြည်သူများအနေဖြင့် နေအိမ်မီးလောင်ခြင်းများမှ ကင်းဝေးစေရန် နေအိမ်များရှိ မိန်းခလုတ်များကို လာရောက်ချထားကြရန် ဒေသခံလူမှုကူညီရေးအဖွဲ့များက အသိပေးနှိုးဆော်ထားသည်။

ဇရပ်ကြီးမြို့အတွင်း ယ‌မန်နေ့ မတ်လ (၁)ရက်က လျှပ်စစ် မီးပြန်လည်ပေးဝေပြီဖြစ်သဖြင့် လာရောက်ပြန်လည်နေထိုင်မည့် အစီအစဉ်မရှိသေးသည့်‌ ဒေသခံများ ထိုသို့ ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားခြင်းလည်းဖြစ်သည်။

“မီးက ပျက်နေတာ (၂၃) ရက်ရှိပြီ။ မနေ့က ညနေပိုင်းက ပြန်လာပါပြီ။ စစ်ရှောင်နေကြတော့ လူပြန်လာမနေတဲ့အိမ်တွေ လျှပ်စစ်မီးကတဆင့် မီးလောင်တာတွေဖြစ်မှာစိုးလို့အသိ ပေးတာပါ။ မိန်းတွေ ခလုတ်တွေ ချထားရင်တော့အကောင်းဆုံးပေါ့။စစ်ရှောင်တွေက သုံးပုံ တစ်ပုံလောက်တော့ ပြန်လာနေကြပါပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၃)ရက် မွန်းလွဲပိုင်းအချိန်က ဇရပ်ကြီးဈေး မီးလောင်မှုဖြစ်စဉ်ကြောင့် ဆိုင်ခန်းပေါင်း(၈၀)ခန့်အပါအဝင် လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှူံးခဲ့ရသေးသ ည်။

ဇရပ်ကြီးမြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်မှစတင်၍ တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ‌ဒေသခံပြည်သူသောင်းနှင့်ချီ၍ တောင်ငူမြို့ရှိ စစ်ရှောင်စခန်း(၄၆) နေရာတွင် သွားရောက်ခိုလှုံနေကြရခြင်း ဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here