(၁၁)လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၆၂၀ ကျော်ရရှိထား

0
169

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဆယ်လကျော်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၆၂၄ ဒသမ ၄၇၃ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဧပြီလ (၁) ရက်မှ ဖေဖော်ဝါရီ (၂၃) ရက်အထိ ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ ရရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကာလတူတွင် ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆၇၆ ဒသမ ၅၂၈ သန်း တင်ပို့ထားသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ၅၂ သန်းကျော်လျော့ကျနေကြောင်း စီးပွားကူးသန်း၏ စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာ့ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများထံ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်များကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။

ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀) ကျော် တင်ပို့လျက်ရှိကြောင်း၊ မြန်မာ့ရေထွက် ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here