တညင်းကုန်း လက်ကားဈေးအတွင်း စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်နိုင်မည့် မြေနေရာရောင်းချရန် တင်ဒါခေါ်ယူထား

0
175

တညင်းကုန်း လက်ကားဈေးဝင်းအတွင်း စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်မည့် မြေနေရာရောင်းချရန်အတွက် မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတတ်က တင်ဒါခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းနေရာအတွင်း စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် မြေနေရာ ရောင်းချမည်ဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းဆောင်ရွက်လိုသူများ အနေဖြင့် အိတ်ဖွင့်တင်ဒါပုံစံ တစောင်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

စက်သုံးဆီဆိုင်အတွက် မြေနေရာအကျယ်ဝန်းမှာ ၂၈၀၅၇ စတုရန်းပေ(ဝ.၆၄၄ ဧက)ကျယ်ဝန်းပြီး ကြမ်းခင်းဈေးကို ငွေကျပ်သိန်း ၁၆၀၀၀ (တစ်ဧက ငွေကျပ် ၂၅၀၀၀ သိန်းနှုန်း) သတ်မှတ်ထားကြောင်း သိရသည်။

မတ်လ (၁) ရက်မှမတ်လ (၁၅) ရက် နေ့လယ် (၁၂) နာရီအထိ တင်ဒါရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါနေ့တွင်ပင် တင်ဒါဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

MAEX သည် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် လက်ကားဈေးကြီး တည်ဆောက် အကောင် အထည်ဖော်ခြင်း စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းမြေနေရာ အသုံးပြုခွင့်ရရှိထားခြင်း ဖြစ်သည်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၄) ရက်တွင် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here