အယ်နီညိုကြောင့် ရာသီဥတု ပူပြင်း‌ခြောက်သွေ့နိုင်သည့်တွက် ငါးမွေးမြူသူများ အရန်ကန်များထားရှိဖို့လို

0
181

ယခုလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေတွင် ငါး၊ ပုစွန် မွေးမြူရေးသမားများအနေဖြင့် အရန်ကန်များ ထားရှိကြရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

အဆိုပါ အရန်ကန်များတွင်လည်း ရေသိုလှောင်ထားရှိပြီး ရေလှယ်သည့် စနစ်ကို အထူးဂရုပြု ဆောင်ရွက်ကြရန်လည်း အကြံပြုထားသည်။

အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည့်အတွက် မွေးမြူရေးကဏ္ဍကို ထိခိုက်မှု မရှိစေကြိုတင်အသိပေးထားခြင်းဖြစ်သည်။

ငါး၊ ပုစွန် စသည့် ရေထွက်ကုန်များကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းဒေသကြီးတွင် အဓိက မွေးမြူထုတ်လုပ်နေပြီး ငါးကန်အများစုကို နွေရာသီ၌ကန်ဖော်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွက် ရေချိုငါး၊ ပုစွန်၊ ဂဏန်း ဧက ၄၆၀၀၀၀ ကျော် မွေးမြူထားပြီး ငါးကို အများဆုံးမွေးမြူကာ ဂဏန်းကို ဧက ၂၀၀၀ ကျော်တွင် မွေးမြူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here