စင်ကာပူ – မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းသားသစ်များ ခေါ်ယူနေ

0
269

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စင်ကာပူ – မြန်မာသက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းသားသစ်များခေါ်ယူနေကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် (၁၆) နှစ်နှင့်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်ကြောင်း၊ သင်တန်းကာလ (၆) လကိုပြီးဆုံးသည်အထိ တတ်ရောက်ရမည်ဖြစ်ပြီး အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်းအသိအမှတ်ပြု၊အောင်လက်မှတ် ရရှိမည်ဖြစ်သည်။

ခေတ်မီ lab ပစ္စည်းများ အသုံးပြု၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး Hospitality & tourism Engineering & Technology ဘာသာရပ်များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ထားသည်။

နည်းပညာနှင့်သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီးလက်တွေ့လုပ်ငန်းများဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သောလုပ်ငန်းခွင်သို့ဝင်နိုင်မည့် သင်တန်းသား/သူများကို ဦးစားပေးမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားရာတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ကြောင်း အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ (၁) ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်း၊ ရဲစခန်းထောက် ခံစာမူရင်းတို့နှင့်အတူ ပူးတွဲလျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသည့်အချိန်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်း အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်းတို့အား (တိုက်ဆိုင်စစ်ဆေးရန်အတွက်) တစ်ပါတည်းတင်ပြနိုင်ရမည်ဖြစ်ပြီး လျှောက်ထားသူများသည် အင်တာဗျူးဖြေဆိုရမည်ဖြစ်သည်။

ဖွင့်လှစ်မည့်သင်တန်းများမှာ Course For Hospitality & Tourism (12 Batch) Front Office Operations ၊ House keeping Operations ၊ Restaurant Operations ၊ Course ForEngineering &Technology(11 Batch) တွင် Electrical Technology ၊ Electronics ၊Residential Air- Conditionin g ၊ Mechatronics ( Basic Servicing) ၊ General Welding တို့ကိုသင်ကြားပေးမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ (၂) ရက်တွင် သင်တန်းဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနေရာမှာ စင်ကာပူ – မြန်မာသက်မွေးပညာသင်တန်းကျောင်း၊ အမှတ် ၁၂၃ နတ်မောက်လမ်း၊ ဗဟန်းမြို့န ယ်၊ ရန်ကုန်တိုင်းဒေသကြီးဖြစ်ကြောင်း၊ လျှောက်ထားခြင်းကို ဖေဖော်ဝါရီ (၁၃) ရက်မှ မတ်လ (၁၅) ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ (၄) နာရီအတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here