အမြန်လမ်း အသုံးပြုခ ကောက်ခံမှုတွင် လက်လုပ်ပြေစာများ လုံးဝအသုံးမပြုရန် ဆောက်လုပ်ရေး ဒုဝန်ကြီးပြောကြား

0
152

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ တိုးဂိတ်များအနေဖြင့် လမ်းအသုံးပြုခကောက်ခရောက်ခံရာ၌ လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရန် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားခဲ့သည်။

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ တိုးဂိတ်များအား သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

လမ်းအသုံးပြုခကောက်ခံရရှိငွေ အပြည့်အဝရရှိရေး၊ နိုင်ငံတော် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှုမဖြစ်စေရေး၊ CCTV နှင့် Computer စနစ်ဖြင့် ဆောင်ရွက်ပြီး လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးပြီး စာရင်းများ မှန်ကန်စွာတင်ပြနိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမြန်လမ်းမကြီး အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ဒုဝန်ကြီးသည် ရန်ကုန် – မန္တလေး
အမြန်လမ်းမကြီး (နေပြည်တော်- မန္တလေးလမ်းပိုင်း)ရှိ ပန်းတင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်းတံတားအဝင်အထွက် ကွန်ကရစ်လမ်း နှစ်လမ်းသွားမှ လေးလမ်းသွားချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပေပင်လေးတိုးဂိတ်၊ သီးကုန်းတိုးဂိတ်တို့၌ လမ်းအသုံးပြုခကောက်ခံနေမှု၊ သီးကုန်းယာဉ်ရပ်နားကွင်းအတွင်းရှိ EV Charging Station အသုံးပြု ဆောင်ရွက်နေမှု၊ ကံကောင်းတိုးဂိတ်၊ ပြင်စည်တိုးဂိတ်၊ စကားအင်းတိုးဂိတ်တို့၏ လမ်းအသုံးပြုခကောက်ခံနေမှု၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ EV Charging Station ဆောင်ရွက်ပြီးစီးမှုနှင့် တံခွန်တိုင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုများကိုလည်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here