ကျွမ်းကျင် YBS ယာဉ်မောင်းများခေါ်ယူမည်

0
182

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် လုပ်ကိုင်ရန် ကျွမ်းကျင် YBS ယာဉ်မောင်းများခေါ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သိရသည်။

၎င်းတို့အနေဖြင့် YRTC ၏ ကြီးကြပ်မှုဖြင့် ယာဉ်မောင်းများခေါ်ယူရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျွမ်းကျင်ယာဉ်မောင်းများ ခေါ်ယူနိုင်ရေးအတွက် ‘YBS’ မော်တော်ယာဉ်ကြီးမောင်း သင်တန်းကျောင်းမှ သင်တန်းသားများအား ကနဦးအနေဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများသည် သင်တန်းလျှောက်လွှာများကို ကနဦးပေးပို့ရမည်ဖြစ်ပြီး ခေါ်ယူမည့်သင်တန်းသားဦးရေမှာ (၅၀)ဦး ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ တက်ရောက်လိုသူသည် အနည်းဆုံးသက်တမ်း (၅) နှစ်ရှိ “ခ”လိုင်စင်ကိုင်ဆောင်ထားသော အသက် (၂၃) နှစ်မှ (၅၅) နှစ်တွင်းရှိသူဖြစ်ပြီး အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်သူ ဖြစ်ရန်လိုအပ်သည့်အပြင် အခြေခံယာဉ်မောင်းနှင်နိုင်မှုကိုလည်း အဆိုပါ သင်တန်းကျောင်းမှ စစ်ဆေးရွေးချယ်မည်ဖြစ်သည်။

YBS ယာဉ်မောင်းအတွက် လျှောက်လွှာယူခြင်းနှင့် တင်ရမည့်နေရာသည် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အမှတ်(၇)၊ ထောက်ကြန့်မြို့ရှောင်လမ်း၊ဘွတ်ကြီးကျေးရွာအုပ်စု ၊ မှော်ဘီမြို့နယ်တွင်ဖြစ်ပြီး ရွေးချယ်ခံရပါက တစ်လသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here