ကျိုက်ထီးရိုးဘူရားသို့ သီတင်းကျွတ်လပြည့်နေ့မှ တပို့တွဲ လပြည့်နေ့ထိ ဘုရားဖူး ငါးသိန်းကျော်ဝင်ရောက်ခဲ့

0
206

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ သီတင်းကျွတ်လပြည့်နေ့မှ တပို့တွဲလပြည့်နေ့ထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူဦးရေ ငါးသိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိပြီး ပွဲတော်ကာလအတွင်း တောင်တက်တောင်ဆင်းကားအစီးရေ နေ့စဉ် ၂၀၀ ကျော်ပြေးဆွဲပေးနေကြောင်း သိရသည်။

ကျိုက်ထီးရိုး ဒေသအတွင်း ဘုရားဖူးများ ပြန်လည်ဝင်ရောက်လာသည့်အတွက်ကြောင့် စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများအနေဖြင့်အထိုက်အလျောက်အဆင်ပြေမှုရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း ပြည်ပဘုရားဖူးခရီးသွား သုံးသိန်းနီးပါးလာရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here