စစ်ရေးပေါက်ကြားမှုများ နှင့်ပတ်သက်၍ ဂျာမနီတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်

0
169

ခရိုင်းမီးယားတံတားအား Taurus ဒုံးကျည်များအသုံးပြု၍ တိုက်ခိုက်နိုင်ဖွယ်ရှိသည်ဆိုသော ဂျာမနီ ထိပ်တန်းထောက်လှမ်းရေးသတင်းအပါအဝင် စစ်ရေးပေါက်ကြားမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုရလဒ်များ မကြာမီရရှိနိုင်လိမ့်မည်ဟု ဂျာမနီအာဏာပိုင်များက မျှော်လင့်ထားသည်။

ဂျာမနီနိုင်ငံထုတ် Bild am Sonntag သတင်းစာတွင် ဖော်ပြထားချက်အရ၊ အစိုးရသည် ပေါက်ကြားမှု မည်သို့ဖြစ်ပွားခဲ့သည်ကိုရက်ပိုင်းအတွင်း သိရှိနိုင်ပြီး သင့်လျော်သောအစီအမံများကို ဆုံးဖြတ်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ယခုဖြစ်ရပ်မှာ အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သဖြင့် ဂျာမနီနိုင်ငံအဓိပတိ Olaf Scholz ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်၍ ဆုံးဖြတ်ချက်များချမှတ်ရန် သူ့ကိုယ်သူ ခံယူထားကြောင်း သတင်းစာက ဆိုသည်။ သူသည် ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius နှင့် ဖြစ်နိုင်ချေရှိသော အစီအမံများကို ဆွေးနွေးရန်ကိုလည်း ရည်ရွယ်ထားသည်။

နေတိုး စစ်မဟာမိတ်အဖွဲ့သည် ယခုအချိန်တွင်သာမက နောင်အနာဂတ်တွင်လည်း ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက်ပါဝင်မည်မဟုတ်ကြောင်း ဂျာမန်အဓိပတိ Olaf Scholz က အခိုင်အမာပြောကြားလိုက်သည့် သောကြာနေ့တွင်ပင် ခရိုင်းမီးယားတံတားကို ဒုံးကျည်ဖြင့် တိုက်ခိုက်ဖွယ်ရှိသည်ဆိုသည့် လျှို့ဝှက်ထောက်လှမ်းရေးသတင်းအပေါ် ဂျာမနီအဓိပတိ Olaf Scholz အနေဖြင့် မည်သို့တွေးတောဆောင်ရွက်မည်နည်းဆိုခြင်းကို ရုရှား RT သတင်းဌာန အယ်ဒီတာချုပ် Margarita Simonyan က VK လူမှုကွန်ရက် သူမ၏ page တွင် အသံဖြင့် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here