ရွှေပိတောက် ငါးဈေးကြီးသို့ တစ်ရက်လျှင် ရေထွက်ကုန်တန်ချိန် လေးသိန်းကျော်ဝင်ရောက်

0
210

ရန်ကုန်မြို့၊ လှိုင်မြို့နယ် ရွှေပိတောက် ငါးဈေးကြီးသို့ ရေ ချို/ရေငန်ရေထွက်ပစ္စည်း တစ်ရက်လျှင် တန်ချိန်လေးသိန်းကျော် ဝင်ရောက်ဖြန့်ချီလျက်ရှိပြီး အလုပ်သမားနှစ်ထောင်ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်ကြောင်းလည်းသိရသည်။

ရွှေပိတောက် ငါးဈေးသို့ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ရေချိုငါး/ပုစွန်များ ဝင်ရောက်သည့် နည်းတူ ပင်လယ်ပြင်မှ ရေငန်ထွက်ကုန်များလည်း ဝင်ရောက်လျက်ရှိသည်။

ဇန်နဝါရီမှ ဧပြီလအထိသည် မွေးမြူရေးကန်အများစု ကန်ဖော်ချိန်ဖြစ်၍ ငါးဈေးသို့ ရေချိုထွက်ကုန် အများဆုံးဝင်ရောက်သော ကာလဖြစ်ကြောင်းလည်း သိရသည်။

ရေချိုထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါ င်းပွ၊ ငါးကြင်း၊ ငါးမုတ်၊ ငါးကျည်း၊ ငါးမွေထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးပနော် အပါအဝင် မွေးမြူရေးနှင့် သဘာဝရေချိုထွက်ကုန် အမျိုးအစား (၃၀)ကျော်နှင့် ရေငန် ထွက်ကုန်ဖြစ်သော ရွှေငါး၊ ငါးကျီးကန်း၊ မျက်ကျယ်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်အပါအဝင် ရေငန်အမျိုးအစား (၁၀၀) ခန့် ဝင်ရောက်လျက်ရှိရာ အချို့ရေချို/ရေငန်ထွက်ကုန်များအား စက်ရုံများနှင့် အအေးခန်းများသို့လည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။

ရွှေပိတောက်ငါးဈေးအတွင်းဒိုင်များမှ လုပ်သားတစ်ဦးလျှင် ရေထွက်ကုန်တစ်ပိဿာလျှင် ငွေကျပ် ၂၀ ဖြင့် ကုန်ချိန် ၁၀၀၀ မှ ၅၀၀၀ ကျော်အထိ လုပ်အားခပေးထားပြီး နေ့စဉ်ရေ ထွက်ကုန်ဝင်ရောက်၊ ဖြန့်ချိမှုပေါ်မူတည်ကာ ဝင်ငွေကျပ် ၁၀၀၀၀ ကျော်မှ ၂၀၀၀၀ ကျော်အထိရရှိပြီး အခြေခံလစာအနေဖြင့် ငွေကျပ် ၃၀၀၀၀၀ နှင့်အထက် ဖော်ဆောင်ပေးထားကြောင်းလည်း သိရသည်။

အဆိုပါ ဈေးရုံအတွင်း ငါးခြစ်လုပ်ငန်း၊ ငါးသယ်၊ ငါးပို့၊ ရေ ခဲပို့နှင့် အထွေထွေအလုပ်သမား ၂၀၀၀ ခန့် နေ့စဉ် အလုပ်လုပ်ကိုင်လျက်ရှိပြီး နေ့စဉ်လက်ကား ရောင်းဝယ်သူ နှစ်သိန်းခွဲခန့်၊ နယ်မှဝင်ရောက်သော ယာဉ် ၉၀ ခန့်နှင့်နယ်များသို့ ရေထွက်ကုန်ပို့ဆောင်သော ယာဉ် ၆၀ ခန့်တို့ဝင်ရောက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here