ဂါဇာအတွက် အစားအစာများ ကန်က ဝေဟင်မှကြဲချပေး

0
137
Humanitarian aid is airdropped over Gaza City on March 1, 2024, amid the ongoing conflict between Israel and the Hamas militant group. - For months, aid workers have warned of an increasingly desperate situation for Gazan civilians, and on February 26 an official from the UN humanitarian office OCHA said widespread starvation was "almost inevitable". (Photo by AFP)

ဝါရှင်တန်၊မတ် ၂

ဂါဇာကမ်းမြောင်ဒေသမှ ဒေသခံပြည်သူများကအစားအစာအတွက် တန်းစီစောင့်ဆိုင်းနေစဉ် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အကူအညီရယူရန်စောင့်ဆိုင်းနေသူများ ရာနှင့် ချီ ၍ ‌ေ-သဆုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်အပြီးတွင် အမေရိကသည်ဂါဇာကမ်းမြောင်ဒေသခံများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့်အနေဖြင့် အမေရိကန်စစ်ဘက် C – 130 ကုန်တင်လေယာဉ်များပေါ်မှ ရိက္ခာများကြဲချပေးခဲ့သည်ဟုသိရသည်။

အဆိုပါလေယာဉ်သုံးစင်းသည် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အစားအစာ ထုပ်ပေါင်း ၃၈,၀၀၀ ခန့်ပါဝင်သည့် အထုပ်ကြီး ၆၆ ထုပ်ကို ဂါဇာကမ်းမြောင်သို့ကြဲချပေးခဲ့ကြောင်းသိရသည်။

အဆိုပါရိက္ခာထုပ်များအား ဂါဇာအနောက်တောင်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းခြေတွင်ကြဲချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယခုအစီအစဉ်သည် သောကြာနေ့က သမ္မတဂျိုးဘိုင်ဒင်ကြေငြာခဲ့သည့် အစီအစဉ်များအရ ပထမဆုံး ကြဲချခဲ့ခြင်းဖြစ်ကာ အထောက်အကူပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသသို့ပို့ဆောင်နိုင်ရန်အတွက်ပါ ဂျော်ဒန်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

စစ်ပွဲစတင်သည့် အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးသည် ရာဖက်ဖ်ဒေသအား ဖြတ်ကျော်ဝင်ရောက်သည့် အကူအညီများမှလွဲ၍ အခြားဒေသများမှရိက္ခာ၊ရေ၊ဆေးဝါးနှင့် အခြားထောက်ပံ့ရေးပစ္စည်းများဝင်ရောက်မှုကို ပိတ်ပင်တားမြစ်ထားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂ ဒသမ ၃ သန်း၏ လေးပုံတစ်ပုံသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကပြောကြားခဲ့ပြီး ယခုကဲ့သို့ လေကြောင်းမှ ကြဲချပေးခြင်းသည် ထိရောက်သောနည်းလမ်းမဟုတ်ကြောင်းနှင့် နောက်ဆုံးအားကိုးရာနည်းလမ်းတစ်ခုသာဖြစ်ကြောင်းလည်း အကူအညီပေးရေးအရာရှိများကပြောကြားခဲ့သည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here