နေပြည်တော်တွင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအတွက် ဆွေးနွေး

0
137

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာပြီး ပြည်သူလူထုအား အ‌ရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁/၂၀၂၄)ကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂)တွင် မတ်လ (၂) ရက်၊ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ တိုးတက်  ဖြစ်ထွန်းစေရန်၊ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက အစိတ်အပိုင်း တစ်ရပ်အဖြစ် စနစ်တကျ ပါဝင်ဆောင်ရွက်နိုင်စေရန် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်စေရန်၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရရှိစေရန်နှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁/၂၀၂၄)သို့ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊နေပြည်တော် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး နေပြည်တော် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး အပါအဝင် ကော်မတီအဖွဲ့ဝင် (၁၂) ဦးတက်ရောက် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here