တောင်ကိုရီးယား-အမေရိကန် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု စတင်

0
173

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ၎င်းတို့ရဲ့ နွေဦး စစ်ရေးလေ့ကျင့်မှုကို ယနေ့(မတ် ၄) မှာ စတင်လိုက်ကြပြီး ယခင်နှစ် လေ့ကျင့်မှုနဲ့နှိုင်းယှဉ်ပါက နှစ်ဖက်တပ်ဖွဲ့ဝင်အရေအတွက် နှစ်ဆတိုးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ မဟာမိတ်နိုင်ငံတွေဟာ မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်စွာ တန်ပြန်နိုင်ရေးလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

မတ်လ ၄ ရက်ကနေ ၁၄ ရက်နေ့အထိ ပြုလုပ်မယ့် Freedom Shield စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားက ဒုံးကျည်တွေ၊ အခြားလက်နက် စမ်းသပ်မှုတွေနဲ့အတူ ၎င်းရဲ့ နျူကလီးယားစွမ်းရည်တိုးတက်ရေး ဆက်လက်လုပ်ဆောင်နေချိန်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ စစ်ရေးစာချုပ်ကို နိုဝင်ဘာလမှာ မြောက်ကိုရီးယားဘက်က ဖျက်သိမ်းလိုက်အပြီး ပထမဆုံးအကြိမ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မဟာမိတ်နှစ်နိုင်ငံ လေတပ်တွေဟာ ငါးရက်ကြာပြုလုပ်မယ့် ၎င်းတို့ရဲ့ တပ်ရင်းအဆင့် Ssangmae လေ့ကျင့်မှုတွေကိုလည်း စတင်လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်နိုင်တယ်ဆိုတဲ့ ခရုဇ်ဒုံးကျည်တွေကို ဖော်ထုတ် တိုက်ခိုက်ရေး အပါအဝင် မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ချေမှုန်းရေး အဓိကရည်ရွယ်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လီဆန်းဂျွန်က ပြောဆိုခဲ့ပါတယ်။

Source:usnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here