မဲဆောက်တွင် ကျောင်းကြို/ပို့ ကားအား အနောက်မှဝင်တို-က်သည့် မြေသယ်ကားမောင်းသူ ကိုယ်တိုင်လာရောက်အဖ-မ်းခံ

0
197

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မတ် (၂)ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းကြို/ပို့ ကားတစ်စီးအား အနောက်မှဝင်တို-က်ခဲ့သည့် မြေသယ်ယာဉ်မောင်းသူအမျိုးသားသည် ကိုယ်တိုင်ဝန်ခံ၍ လာရောက်အဖ-မ်းခံခဲ့ကြောင်း မဲဆောက်မြို့နေသူ သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရသည်။

အဆိုပါ ကျောင်းကြို/ပို့ ကား ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း ယာဉ်ပေါ်၌ လိုက်ပါလာသည့် ကျောင်းသား (၄)ဦး အနက် အသက် (၈)ရှစ်အရွှယ် ကျောင်းသူတစ်ဦး‌ေ-သဆုံးခဲ့ပြီး ကျန်ကျောင်းသား (၃) ယောက်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဆိုသည်။

ဖြစ်စဉ်အတွင်း ‌ေ-သဆုံးသွား‌သည့် ကျောင်းသူမှာ မဲဆောက်မြို့ရှိ လွန်လမ်ဖတ်ထဝိ အမည်ရှိ ထိုင်းစာသင်ကျောင်း၌ တက်ရောက် ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။

“မြေသယ်ကားသမားက ဆေးကြောင်ပြီး အိပ်ငိုက်လာတာလို့သိရတယ်။ သူကိုယ်တိုင်ဘဲ ဝန်ခံပြီး အဖ-မ်းလာခံပါတယ်။ စာမေးပွဲနောက်ဆုံးပတ်မို့ က-လေးတွေ မြဝတီကနေ မဲဆောက်မှာ ကျုရှင်လာတက်ကြတာ။ မြဝတီကနေ မဲဆောက်အသွားမှာဖြစ်တာပါ”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

‌ေ-သဆုံးသူကျောင်းသူအား ကနဦးတွင် မဲဆောက်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားသော်လည်း အသက်မမီတော့ကြောင်း မဲဆောက် နေထိုင်သူ သတင်းအရင်းအမြစ်က ဆရာဝန်များ၏ ပြောကြားချက်ကို တဆင့် ပြန်လည်ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်မှာ မတ်လ(၂)ရက် မွန်းလွှဲပိုင်းအချိန်ခန့်က မြဝတီမြို့ဘက်မှ မဲဆောက်မြို့ရှိ ကျူရှင်တစ်ခုသို့အသွား မဲဆောက်လေဆိပ်အရှေ့ မီးပွိုင်တွင် မီးနီအား စောင့်ဆိုင်းနေစဉ် မြေသယ်ယာဉ်က အနောက်မှ ဝင်ရောက်တို-က်သဖြင့် ကျောင်းသူတစ်ဦး‌ေ-သဆုံးခဲ့ရသည်ဖြစ်စဉ်တစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here