နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၄၀၀ နီးပါးဖြင့် လုပ်ငန်း(၂၂)ခုအကောင်အထည် ဖော်ဆောင်ရွက်ခဲ့

0
152

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခွင့်ပြုရန်ပုံငွေ ၂၃၈၉ ဒသမ ၉၇၁ ကျပ်သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၂၂) ခုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသများမှာ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၂၂) ခုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၅၀၀ ဒသမ ၆၁၈ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သော လဟယ်မြို့နယ် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း (လဟယ်ဘက်ခြမ်း) မြေသားလမ်း (၅) မိုင်နှင့် Box Culvert အစင်း (၂၀) တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် လမ်းတံတားလုပ်ငန်း၊ အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ တန်ဖိုးနည်း အိမ်ရာတည်ဆောက်ရေးလုပ်ငန်း စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း (၂၂) ခုကို ခွင့်ပြုရန်ပုံငွေ ၂၃၈၉ ဒသမ ၉၇၁ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here