မြန်မာ-မွန်ဂိုလီးယား နှစ်နိုင်ငံ သံအမတ်တို့ ဘရပ်ဆဲလ်တွင်တွေ့ဆုံ ဆွေးနွေး

0
139

မြန်မာ-မွန်ဂိုလီးယား နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံအမတ်ကြီးနှင့် မွန်ဂိုလီးယား သံအမတ်ကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့ရှိ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်နှင့် ဥရောပသမဂ္ဂဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး H.E. Bold Luvsanvandan တို့ မတ်လ (၁)ရက်တွင် မွန်ဂိုလီးယားသံရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-မွန်ဂိုလီးယားနှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ ဘရပ်ဆဲလ်မြို့ရှိ အာဆီယံနှင့် ဗဟိုအာရှနိုင်ငံများမှ သံအမတ်ကြီးများအကြား နီးကပ်စွာ ထိတွေ့ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်ဂိုလီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ မျှဝေခြင်း စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

မွန်ဂိုလီးယားသည် တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်ပြီး ၁၃ နှင့် ၁၄ ရာစု မွန်ဂိုအင်ပါယာကို တည်ထောင်သူဂျင်ဂျစ်ခန် နှင့် ၎င်းတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကြောင့် လူသိများသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here