အပစ်အခတ်ချက်ချင်းရပ်စဲရန် အမေရိက တောင်းဆို

0
148
US Vice President Kamala Harris speaks at the Edmund Pettus Bridge during an event to commemorate the 59th anniversary of "Bloody Sunday" in Selma, Alabama, on March 3, 2024. - On March 7, 1965, civil rights marchers crossed the Edmund Pettus Bridge and clashed with state police who used batons and tear gas to disperse the protesters. (Photo by SAUL LOEB / AFP)

ဆယ်လ်မာ(ဩစတြေးလျ)၊မတ် ၄

အစ္စရေး – ဟားမတ်စ်စစ်ပွဲအတွက် အဆိုပြုထားသည့် ရက်သတ္တခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အားလက်ခံရန် အမေရိကန်ဒုတိယ သမ္မတကမ်မလာဟားရစ်က တနင်္ဂနွေနေ့ (မတ်လ ၃ ရက်နေ့ ) တွင် တောင်းဆိုခဲ့ပြီး ဂါဇာကမ်းမြောင်သို့ အကူအညီများ လုံလောက်စွာမပေးပို့နိုင်မှုအတွက် အစ္စရေးအားဝေဖန်ပြောဆိုခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသ၌ ကြီးမားသောဒုက္ခကို ခံစား‌နေရမှုကြောင့် အနည်းဆုံး နောက်ထပ် ရက်သတ္တခြောက်ပတ်ကြာသည်အထိ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းပြုလုပ်ရမည်ဖြစ်ပြီး၊ယင်းကို လက်ရှိတွင်‌ ဆွေးနွေးနေသည့်အနေအထား၌ရှိနေသည်” ဟု၎င်းက ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ဓ-ားစာခံများကိုကယ်တင်နိုင်မည်ဖြစ်ပြီး များပြားသော အကူအညီများလည်း ရရှိနိုင်မည်ဖြစ်သဖြင့် သဘောတူညီချက်အား လက်ခံရန် ဟားမတ်စ်ကို မစ္စဟားရစ်ကတောင်းဆိုခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူပေါင်း ၁,၁၆၀ ခန့် ‌ေ-သဆုံးခဲ့သည်။ အများစုမှာအရပ်သားများဖြစ်ပြီး လူပေါင်း ၂၅၀ ခန့် ကို ဓ-ါးစာခံအဖြစ် ဖမ်းဆီးထားသည်ဟုယူဆရကြောင်းလည်းဆိုခဲ့သည်။ဂါဇာ၌ ဓ-ါးစာခံ ၁၃၀ ဦး ကျန်ရှိနေဆဲဖြစ်ပြီး ၃၁ ဦး ‌ေ-သဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။

အစ္စရေး၏ စစ်ရေးတုံ့ပြန်မှုကြောင့်လည်း ဂါဇာ၌ ‌ေ-သဆုံးသူ ၃၀,၄၁၀ ဦးအထိရှိလာကာ အများစုမှာ အမျိုးသမီးများနှင့်က-လေးငယ်များဖြစ်ကြောင်း ဟားမတ်စ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here