မန္တလေး မနော်ဟရီလမ်းပေါ်ရှိ “လိုတရ”ဓါတ်ဆီဆိုင်မီးလောင်မှု ဖြစ်ပွား

0
214

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ (၄၈) လမ်းနှင့် (၄၉) လမ်းကြား၊ မနော်ဟရီလမ်းရှိ “လိုတရ” ဓါတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယနေ့ မတ်လ (၄)ရက်၊ ညနေ(၃)နာရီ (၅၈)မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၄)နာရီ (၄)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ (၄) နာရီ (၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မနော်ဟယ်ရီ လမ်းပေါ်က “လိုတရ” ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်တာ။ မီးသတ်ကားတွေလည်း အများကြီးပဲ လာတယ်။ သိပ္ပံလမ်းထဲမှာတောင် မီးသတ်ကားတွေ အများကြီးပဲ။ကား တစ်စီး မီးထဲပါသွားတာ တွေ့လိုက်ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့တွက်ချက်စစ်ဆေးပြီး လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here