မြန့်မာလက်ရွေးစင် ဂိုးသမားဟောင်း ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်

0
166

မြန်မာ့လက်ရွှေးစင်အသင်း ဂိုးသမားဟောင်း ဦးစိုင်းမောင်မောင်ဦးသည် ယခုမတ်လ (၁)ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

၎င်း ကွယ်လွန်ချိန်တွင်အသက် (၆၀) နှစ်ရှိပြီဖြစ်ကာ လူကြီးရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိုင်းမောင်မောင်ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့် ကောင်းရာသုဂတိ ရောက်စေရန် မြန်မာ့လက်ရွှေးစင် ဘောလုံးသမားဟောင်းများ အဖွဲ့က ဆုတောင်း မေတ္တာပို့သထားသည်။

ထို့အပြင် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနေရှယ်နယ်လိဂ် ၂၀၂၄ ၏ ပွဲစဉ်တစ်ခုဖြစ်သော Dagon Port အသင်း နှင့် ဒဂုံစတား ယူနိုက်တက်အသင်းတို့ကလည်း ပွဲစဉ် မစတင်မီ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် တစ်မိနစ် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့ကြသည်။

ဦး‌စိုင်းမောင်မောင်သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ဂိုးနည်းပြဟောင်းတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သလို ၊ မကွေးယူနိုက်တက် ၊ ရတနာပုံယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့တွင် ဂိုးနည်းပြအဖြစ်တာဝန်ယူ လေ့ကျင့်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here