မဲခေါင်မြစ်တွင်းမှ ငါးမျိုးစိတ်များ၏ ငါးပုံတစ်ပုံသည် မျိုးသုဉ်းနိုင်ခြေရှိ

0
381

ဘန်ကောက်၊မတ် ၄

အရှေ့တောင်အာရှ၏ အဓိကအသက်သွေးကြောဖြစ်သည့် မဲခေါင်မြစ်အတွင်းမှ ငါးမျိုးစိတ်များ၏ ငါးပုံတစ်ပုံသည် မျိုးသုဉ်းနိုင်ခြေရှိသည့် အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းသိရှိရသည်။

တိဗက်ကုန်းပြင်မြင့်မှ တောင်တရုတ်ပင်လယ်အထိ ကီလိုမီတာ ၅,၀၀၀ နီးပါးရှည်လျားသော မဲခေါင်မြစ်သည် တရုတ်၊လာအို၊မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ရှိ သန်းပေါင်းများစွာသောလူများ၏ မွေးမြူရေးနှင့်ငါးဖမ်းလုပ်ငန်းများ၏ မှီတည်ရာဖြစ်သည်။

ငါးများအတွက် ကျက်စားရာနေရာများဆုံးရှုံးခြင်း၊စိုက်ပျိုးရေးနှင့် ရေသွင်းမွေးမြူရေးများအဖြစ်ပြောင်းလဲခြင်း၊သဲများတူးဖော်ခြင်း၊ကျူးကျော်မျိုးစိတ်များဖြစ်ပေါ်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှုပိုမိုဆိုးရွားလာခြင်းနှင့် မြစ်နှင့် မြစ်လက်တက်များကိုအပိုင်းပိုင်းခွဲကာ ရေအားလျှပ်စစ်ဆည်များ‌ဆောက်လုပ်ခြင်းတို့ကြောင့် ဤသို့ ဖြစ်ရခြင်းဖြစ်သည်။

“အခုလက်ရှိအချိန်မှာ အကြီးဆုံး အန္တရာယ်ဖြစ်သလို အနာဂတ်ရဲ့အကြီးဆုံး အန္တရာယ်ဖြစ်လာနိုင်တာကတော့ ရေအားလျှပ်စစ်လုပ်ငန်းတွေပါပဲ” ဟုလည်းဆိုသည်။

ရေအားလျှပ်စစ်အတွက် ဆောက်လုပ်ထားသည့်ဆည်များသည် ကမ္ဘာ့တတိယမြောက် ဇီဝမျိုးကွဲများအများဆုံးကျက်စားရာမြစ်၏ စီးဆင်းမှုကိုပြောင်းလဲစေကာ ရေအရည်အသွေးကိုလည်းပြောင်းလဲစေပြီး ငါးများ ရွှေ့ပြောင်းကျက်စားခြင်းကိုလည်း ပိတ်ဆို့စေသည်ဟု လည်း၎င်းကဆိုသည်။

Source : ရိုက်တာ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here