ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် Non programmable scientific calculator အသုံးပြုခွင့်ပေးမည်

0
227

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဘဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန် Non programmable scientific calculator အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
‌‌‎ ‎
မည်သည့် Non-programmable scientific calculator အမျိုးအစားမဆို အသုံးပြုနိုင်ပြီး Brand ၊ Model မကန့်သတ်ထားဘဲ Programmable Calculator ဖြစ်ပါက အသုံးပြုခွင့်ပေးမည် မဟုတ်ဘဲ သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
‌‌‎ ‎
ဖြေဆိုမည့်သူများအနေဖြင့် မိမိကိုယ်ပိုင် Non-programmable scientific Calculator ယူဆောင်ခဲ့နိုင်ပြီး ခက်ခဲဒေသများနှင့် ဝေးလံဒေသများရှိ စာစစ်ဌာနများအတွက် စာမေးပွဲခန်းတွင် အသုံးပြုနိုင်ရန် Calculator များခွဲဝေပေးထားကာ ဖြေဆိုသူ အယောက်စေ့ တစ်ယောက်တစ်လုံးစီသုံးပြုခွင့်ပေးမည်မဟုတ်ဘဲ အလှည့်ကျသာ သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Calculator အဖုံးနှင့် ဘူးခွံများ ယူဆောင်ခွင့်မပြုသည့်အပြင် မိမိကိုယ်ပိုင်ယူဆောင်လာမည့် Calculator ပေါ်တွင် မသမာမှု တစ်စုံတစ်ရာမှ ပြုလုပ်လာခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ အထူးသတိပြုရန်လည်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

စာမေးပွဲခန်းအတွင်းသို့ မဝင်မီတွင် စစ်ဆေးသည့်အခါ Calculator ပေါ်တွင် မသမာမှု ပြုလုပ်ထားသည်ကို တွေ့ရှိပါက ချက်ခြင်းသိမ်းဆည်းမည်ဖြစ်ပြီး စာမေးပွဲခန်းအတွင်း၌ စစ်ဆေးတွေ့ရှိပါက စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းများနှင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
‎ ‎


LEAVE A REPLY

Please enter your comment!
Please enter your name here