ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာ

0
187

နစက သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ “မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ” မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန်ကြေ ညာလိုက်‌သည်။

အဆိုပါ အမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၃/၂၀၂၄) နှင့် (၄/၂၀၂၄) အရ ယနေ့ မတ်လ (၄)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းအမိန့်အရ တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသည့်အခြေအနေများပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း ၊ စစ်နယ်မြေမှူးများကို တာဝန်ပေး၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်ကြောင်း သိရသည်။

ယနေ့ ရက်စွဲဖြင့် တဆက်တည်း ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၄/၂၀၂၄) စစ်အုပ်ချုပ်ရေး ကြေညာထားသည့် နယ်မြေအတွင်းရှိ ဒေသအုပ်ချုပ်ရေးအဖွဲ့အသီးသီး ၎င်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အရှေ့မြောက်တိုင်း တိုင်းမှူး၏ ကွတ်ကဲမှုဖြင့် ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။

ထို့အပြင် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း စစ်နယ်မြေမှူးများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခန့်ထားနိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်ဖြစ်စေ၊ တိုင်းမှူးမှ တာဝန်လွှဲအပ်ထား‌သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်ဖြစ်စေ အုပ်ချုပ်ရေး၊ တ ရားစီရင်ရေး၊ တရားရုံးများဖွဲ့စည်းခြင်း၊စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အတည်ပြုခြင်း ၊ အယူခံခြင်း၊ ပြင်ဆင်မှု လျှောက်ထားခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ထို့အပြင် အရှေ့မြောက်တိုင်း တိုင်းမှူးအနေဖြင့် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here