အိန္ဒိယမှဓါတ်တော်များ ချင်းမိုင်သို့ရောက်ရှိအပူဇော်ခံ

0
156

အိန္ဒိယနိုင်ငံ အမျိုးသားပြတိုက်မှဗုဒ္ဓမြတ်စွာဘုရား၏ဓါတ်တော်၊ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့၏ ဓါတ်တော်များသည် ဘန်ကောက်တွင် ၂ရက်တာ အပူဇော်ခံပြီးနောက် ချင်းမိုင်သို့ ယနေ့ မတ် ၄ ရက်တွင် ထိုင်းတပ်မတော်လေယာဥ်ဖြင့်ပင့်ဆောင်လာရာ တော်ဝင်ပန်းခြံ ရတ်ချဖရွတ် သို့ ရောက်ရှိခဲ့ပါသည်။

ချင်းမိုင်ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး၊ အိန္ဒိယမှတာဝန်ရှိသူများက ပင့်ဆောင်ခဲ့ကြသည်။

ညနေ ၅း၀၀ နာရီတွင် ချင်းမိုင်ခရိုင်မှ ဖိတ်ကြားထားသော ရိုးရာလက်မှုပညာရှင်များက ပန်းယာဥ်များပေါ်ဓါတ်တော်ပင့်ကာ စီတန်းလှည့်လည်ပူဇော်ကြသည်။ ရဟန္တာ ဓါတ်တော်များအား ပန်းခြံရှိ ဟော်ခမ်းလွမ်တွင် ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိကိန်းဝပ်မည်ဖြစ်၍ နံနက် ၈း၀၀ မှ ည ၉း၀၀ နာရီအထိ လာရောက် ဖူးမြော်နိုင်ကြကြောင်းသိရသည်။

Photo- ukumarra


LEAVE A REPLY

Please enter your comment!
Please enter your name here